ယနေ့ခေတ် အွန်လိုင်းမှာ ငါးပစ်ဂိမ်းတွေ စလော့ဂိမ်းတွေ ကျယ်ကျယ်ပျံ့ပျံ့ ကစားလာတာနဲ့အမျှ နည်းပညာတိုးတက်မှုကို အခြေခံပြီး ဒီဂိမ်းတွေကို ကစားတဲ့နေရာမှာ ပိုမိုထိရောက်တယ်လို့ ယူဆရတဲ့ စလော့ ပရိုဂရမ်ဆိုတဲ့ ဆော့ဝဲလ် တွေလဲ အပြိုင်ပေါ်လာတာကို အွန်လိုင်းပေါ်မှာ တွေ့လာရပါတယ် ။ ဒီဆော့ဝဲလ်တွေဟာ ကာစီနိုတွေ နဲ့ ဆက်စပ်နေတဲ့ ဂိမ်းတွေမှာ တွေ့ရလေ့ရှိပြီး အဓိက အားဖြင့် စလော့ဂိမ်းတွေကို နောက်ကွယ်က အထောက်ကူပြုပေးတဲ့ ဆော့ဖ်ဝဲစနစ်တခုဖြစ်ပါတယ်။ ဒီ ပရိုဂရမ်တွေဟာ စလော့စက်တွေကို ထိန်းချုပ်ပြီး ရလဒ်တွေ ၊ ငွေပေးချေမှု (အလျော်အစား) တွေကို အကြမ်းဖျင်း ကစားသူတို့အနိုင်ရနိုင်ချေ RTP ပြသပေးတဲ့ ပုံစံမျိုးနဲ့တွေ့ရမှာပါ။ ဒီဆော့ဝဲလ်တွေ ဘယ်လိုအလုပ်လုပ်လဲ ၊ ဘယ်လောက်တိကျမှု ရှိလဲ ဆိုတာကို ဒီဆောင်းပါးမှာ ဖတ်ရှုပြီး လေ့လာကြည့်လိုက်ရအောင်။
စလော့ ပရိုဂရမ်အလုပ်လုပ်ပုံ
ကစားသူတွေ အနေနဲ့ စလော့ ပရိုဂရမ် ဆော့ဝဲလ် ၁ ခုကို ပြင်ပကနေ ပိုက်ဆံပေးပြီး ဝယ်ဆော့ရမှာဖြစ်ပြီး ဝယ်ယူလိုက်တဲ့သူက အဲ့ ဆော့ဝဲလ်ကနေ တဆင့် ကိုယ်ဆော့နေတဲ့ website တွေကို တဆင့်ပြန်ဝင်ဆော့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဆော့ဝဲလ်တိုင်းကတော့ ဂိမ်းwebsite တိုင်းမှာ အသုံးပြုလို့ရတဲ့ ပုံစံမျိုးတော့မဟုတ်ပါဘူး ။ တချို့ ဆော့ဝဲလ်တွေက တချို့ ဝက်ဆိုက်တွေနဲ့ တွဲဆော့လို့ရပေမဲ့ လုံခြုံမှု စနစ်မြင့်တဲ့ ဝက်ဆိုက်တွေမှာတော့ အသုံးပြုလို့ မရတာမျိုးလဲ ရှိပါတယ်။ အသုံးပြုလို့ရတဲ့ ဝက်ဆိုက်တွေကို ဝင်လိုက်တဲ့ အချိန်မှာ စလော့ဂိမ်းတွေဟာ ပုံမှန်ပုံစံ ဂိမ်းအခန်းတွေရဲ့ အောက်ဘက်မှာ RTP ရာခိုင်နှုန်းတွေ နဲ့ ပြထားကို ကြည့်ပြီး RTP များတဲ့ အခန်းတွေ ရွေးချယ်ဆော့ရတဲ့ပုံစံမျိုးဖြစ်ပါတယ်။
RTP (Return To Player)လိုခေါ်တဲ့ ကစားသမားတွေကို အလျော်ပြန်ပေးတဲ့ ရာခိုင်နှုန်းနဲ့ ပြတဲ့ အရာဟာ စလော့ ပရိုဂရမ် အလုပ်လုပ်ပုံရဲ့ အဓိက အချက်တခုဖြစ်ပါတယ်။ များသောအားဖြင့် နိုင်ငံတကာမှာ တရားဝင်ဖွင့်လှစ်ထားတဲ့ လောင်းကစားရုံတွေမှာ သတ်မှတ်ချက် အနေနဲ့ ဝင်ငွေရဲ့ 70 % ကို RTP အနေ နဲ့ သတ်မှတ်ထားပြီး ပြန်အလျော်ပေးလေ့ရှိပါတယ်။ ဥပမာအနေနဲ့ RTP 96 % ရှိတဲ့ စလော့ဂိမ်း ၁ ခုကို မိတ်ဆွေတို့ အနေနဲ့ ဝင်ဆော့မယ်ဆိုရင် ကစားသူတွေ လောင်းကြေးထပ်လိုက်တဲ့ လောင်းကြေး ပမာဏတွေ ရဲ့ 96 % ကို အလျော်ပြန်ရမှာဖြစ်ပြီး အဲ့ဒီပမာဏက ကစားသမား ၁ ယောက်ရဲ့ ထိုးကြေး ပမာဏအပေါ်မှာ မူတည်တာ မဟုတ်ပဲ ဒီ ဂိမ်းအခန်းထဲကို ဆော့ထားတဲ့ သူတွေထဲကမှ အားလုံး ထိုးဆော့ထားတဲ့ ပမာဏရဲ့ 96 % ကို အလျော်ပြန်ရမှာ ဖြစ်တယ်လို့ သတ်မှတ်ထားတဲ့ပုံစံပါ။ ဒီတော့ အဲ့လို RTP မြင့်တဲ့ အခန်းတွေကို ဝင်ဆော့တာဟာ ကစားသမားတွေအတွက် RTP ရာခိုင်နှုန်းနည်းတဲ့ အခန်းတွေကို ဝင်ဆော့တာထက် နိုင်ချေပိုများမှာဖြစ်ပါတယ်။
ကျပန်းနံပါတ်တွေကို ထုတ်ပေးတဲ့ RNG စနစ်ဆိုတာလဲ စလော့ ပရိုဂရမ် အလုပ်လုပ်တဲ့ ပုံစံမှာ အဓိကပါဝင်နေပါသေးတယ်။ RNG ဆိုတာ Random Number Generator လို့ အဓိပ္ပါယ်ရပြီး လွယ်လွယ်ပြောရရင် စလော့ SPIN ၁ ချက်နှိပ်လိုက်ရင် မျှတတဲ့ ရလဒ် တခုထွက်ပေါ်လာဖို့ ဂိမ်းအမျိုးအစား အလိုက် ဂိမ်းထဲမှာပါတဲ့ သင်္ကေတတွေ ၊ ဂဏန်းအတွေ ၊ အသီးတွေ ၊ တိရစ္ဆာန်အကောင်တွေကို ဂိမ်းရလဒ် အနေနဲ့ သင်္ချာစနစ်ကို အခြေခံပြီး ကျပန်းထုတ်ပေးတဲ့ အယ်လ်ဂိုရစ်သန် စနစ်တခုကို ဆိုလိုခြင်းဖြစ်ပါတယ်။ အဲ့စနစ်ကိုမှ RTP ရာခိုင်နှုန်း နဲ့ တွက်ချက်ပြီး အလျော်ပေးတာကို ကစားသူတို့ အနိုင်ရမှတ်အနေနဲ့ ရရှိတာလို့ အခြေခံအနေနဲ့ မှတ်ထားလို့ရပါတယ်။ RTP များတဲ့ အခန်းတွေ ဝင်ဆော့ခြင်းဟာ နိုင်ချေများတယ်ဆိုပေမဲ့ ဆုကြီးများပေါက်နိုင်ချေနည်းတယ်လို့လဲ အကြမ်းဖျင်းသတ်မှတ်လို့ရပါသေးတယ်။ RTP များတဲ့အခန်းတွေကို ဆော့ပြီး အနိုင်ကြီးကြီးမားမား ရပြီးရင်တော့ ဂိမ်းအခန်းတွေထဲက ထွက်လိုက်တဲ့အချိန်မှာ ကိုယ်မဆော့ခင်က ရှိထားတဲ့ RTP ထက်လျော့သွားမှာဖြစ်ပြီး တခြား RTP မြင့်တဲ့အခန်းတွေကို ပြောင်းလဲ ပြန်ဆော့လို့ရပါတယ်။
စလော့ ပရိုဂရမ် တွေကမှန်ကန်မှုရှိရဲ့လား
စျေးကွက်ထဲမှာ ရှိနေတဲ့ စလော့ ပရိုဂရမ် တွေက မှန်ကန်မှု ရှိရဲ့လားဆိုတဲ့ မေးခွန်းအပေါ်မှာ ပြောရမယ်ဆိုရင်တော့ ဘယ် ဝက်ဆိုက်မှာ ဆော့နေတာလဲ ဆိုတာနဲ့ မိတ်ဆွေတို့ ဘယ် ဆော့ဝဲလ်ကို အသုံးပြုပြီး ဆော့နေတာလဲပေါ်မှာ အများကြီးမူတည်နေပါတယ်။ အခုလို နည်းပညာ မြင့်မားလာတဲ့ ခေတ်ကြီးမှာ မှန်ကန်တဲ့ အာမခံချက်ရှိတဲ့ ဆော့ဝဲလ်တွေကို နိုင်ငံတကာမှာရောင်းချတာမျိုးရှိပေမဲ့ ၊ အဲ့ဒါနဲ့ချိတ်ဆက်ပြီးဆော့လို့ရတဲ့ ဝက်ဆိုက်တွေ စည်းမျဥ်းစည်းကမ်းတင်းကျပ်သလို အလျော်အစားမျှတပြီးသား ဝက်ဆိုက်တွေများပါတယ်။ ဒါကြောင့် မှိုလိုပေါက်နေတဲ့ ဝက်ဆိုက်တွေ နဲ့ အလွယ်တကူ ဝယ်ဆော့နိုင်တဲ့ စလော့ ပရိုဂရမ် ဆော့ဝဲလ်တွေ ဟာ အမှန်တကယ်အားဖြင့် အလုပ်ဖြစ်တယ်ဆိုတာရှားလှပါတယ်လို့ပြောပါရစေ ။
မှတ်ချက် ။
ကျွန်တော်တို့အနေနဲ့တော့ မသေချာ မရေရာဘဲ မိအေးနှစ်ခါနာ ဖြစ်စေမယ့် စလော့ဂိမ်း ပရိုဂရမ် တွေကို ဝယ်မယ့်အစား ဆော့နေကျ ဂိမ်းဆိုဒ် တွေမှာပဲ RTP ကြည့်မယ် ။ လူဆော့များတဲ့ ဂိမ်းလေးတွေ လေ့လာမယ်။ ဆုကြီး ကျနိုင်မယ့် ဂိမ်းလေးတွေ လိုက်ရှာပြီးမှ ကိုယ်တတ်နိုင်တဲ့ အထဲကနေ ကစားတာမျိုး လုပ်ဖို့ကိုပဲ အကြံပေးလိုပါတယ်။ ဒါမဲ့ ဒီကောင်တွေက မှန်တယ်ဆိုပြီး ပြောတဲ့ သူတွေရှိပါတယ် ။ ဘာပဲဖြစ်ဖြစ်ပါ ကိုယ့်ယုံကြည်မှုနဲ့ ကိုယ်ပဲမို့ အသိသတိလေး ကပ်ပြီးမှပဲ ကစားကြဖို့ကို တိုက်တွန်းလိုပါတယ်။