ငါး ပစ် ဂိမ်း 2025

ငါး ပစ် ဂိမ်းဆိုတာဘာလဲ ?

ရေအောက် ကမ္ဘာ ကို အခြေပြုပြီး ပုံဖော်ထားတဲ့ ငါး ပစ် ဂိမ်းတွေဟာ Arcade Game တွေအဖြစ် ၁၉၉၀ နှောင်းပိုင်းနှစ်တွေမှာ တရုတ်နိုင်ငံရဲ့ Under Water Shooting ဆိုတဲ့ဂိမ်းကနေစတင်ခဲ့ပါတယ်။ အစပိုင်းမှာ အပျော်ဆော့ ရတဲ့ အပန်းဖြေဂိမ်း ၁ ခု အနေနဲ့ ထွက်ရှိခဲ့ပေမဲ့ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ လောင်းကစားလောကမှာ ငါးပစ်ခုံတွေ အဖြစ် လူ ၆ ယောက်လောက်ထိ တပြိုင်ထဲ အပြိုင်ဆော့ လုပစ်ပြီး ဆော့လို့ရတဲ့ ဂိမ်းအဖြစ်ပြောင်းလဲလာခဲ့ပါတယ်။ ၂၀၁၀ နောက်ပိုင်း Smart Phone နဲ့ E-wallet တွေ ခေတ်စားလာချိန်မှာတော့ ငါးပစ်ခုံတွေမှာ ကစားရတဲ့ ပုံစံအတိုင်း နည်းပညာအထောက်အကူနဲ့ ဖုန်းထဲမှာတင် Application ကနေ တဆင့်ဆော့လို့ရတဲ့ ဂိမ်းအသွင်အထိ အဆင့်မြင့်လာခဲ့ပြီး ဖုန်း၁လုံးရှိယုံ ငွေသွင်းငွေထုတ်အကောင့်ရှိယုံနဲ့ အိမ်မှာနေရင်းလဲ ကစားလို့ရလာခဲ့ပါတယ်။

ငါးပစ်ဂိမ်းတွေထဲမှာပါတဲ့ အကောင်လေး တွေကို အကောင် အသေး၊ အလတ်၊ အကြီး အနေ နဲ့ ၃မျိုးလောက် အကြမ်းဖျင်းခွဲထားပြီး ကိုယ့်မှာရှိတဲ့ ဂိမ်းအမှတ်ကို ကျည်ဆံ အနေအသုံးပြုပြီးတော့ အကောင်လေးတွေ သေအောင်ပစ်ရတာဖြစ်ပါတယ်။ ကိုယ့် ကျည်ဆံ က ထိုးကြေး အမှတ်ဖြစ်ပြီး လိုချင်သလို အတိုး ၊ အလျော့လုပ်ပြီး ပစ်လို့ရမှာ ဖြစ်ပြီး ကိုယ့် ကျည်ဆံထိလို့ အကောင်လေးတွေ သေသွားမယ်ဆိုရင် သတ်မှတ်ထားတဲ့ လျော်ဆ အတိုင်း အကောင်အကြီး အသေးပေါ်မူတည်ပြီး အမှတ်ပြန်ရမှာဖြစ်ပါတယ်ဗျ ။ ဂိမ်းထဲမှာပါတဲ့ အကောင်လေးတွေ Mission တွေ နဲ့ တခြား ဆုလက်ဆောင် တွေ ထပ်ပေါင်းထည့်ပေးထားတာ ဖြစ်လို့ ဖျော်ဖြေရေး ဂိမ်း ၁ ခု ပုံစံမျိုးဆော့ရတာမလို့ လူကြိုက်များကြတဲ့ ဂိမ်းတခုအဖြစ် လူသိလဲ များကြပါတယ်။

ဂိမ်း ရဲ့ အပြင်အဆင်ပုံစံတွေကို သဘောကြလို့ ဆော့တဲ့သူတွေရှိသလို့ အွန်လိုင်းလောင်းကစားလောကမှာ ဝက်ဆိုဒ်တော်တော်များများရဲ့ မန်ဘာသစ်မိတ်ဆက် ဘောနပ်များ (တနည်းအားဖြင့် မိမိသွင်းငွေထက် အပိုအမှတ် ၂၀၀ % / ၃၀၀ % အပိုပေးထားသောဘောနပ်များ) အနိုင်ရအောင် ကြိမ်ရေ (Turnover) အတက်မြန်တဲ့ ငါးပစ်ဂိမ်းတွေကိုလဲ ဆော့လေ့ရှိကြပါတယ်။ ဂိမ်း နဲ့ပတ်သတ်တဲ့ အကြောင်းကို အကြမ်းဖျင်း ရှင်းပြပြီးပြီဆိုတော့ အခု ဆော့လို့ကောင်းမယ့် နာမည်ကြီး ငါးပစ်ဂိမ်းတွေကို ဆော့ချင်တယ်ဆိုရင် ငွေကြေးပိုင်းဆိုင်ရာ စိတ်ချရတဲ့ ဂိမ်းဆိုဒ်တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ရွေးချယ်ကစားသင့်တဲ့ နာမည်ကြီး ငါးပစ်ဂိမ်း ၅ ခု

Dragon Forutne (JILI)

ငါးပစ်ဂိမ်းလို့ ပြောလိုက်ရင် JILI ထဲမှာ ရှိတဲ့ ဂိမ်းတွေဟာ သူ့ရဲ့ အခြေခံ အသွင်ပြင်ရယ် ၊ ဆုလက်ဆောင် တွေရယ် နဲ့ အလျော်အစားမျှတတယ်ဆိုတဲ့ အချက်တွေကြောင့် လူကြိုက်များကြပါတယ်။ အဲ့ထဲကမှ ငါးတွေကို ပစ်ရတဲ့ ပုံစံ မျိုးမဟုတ်ပဲ နဂါးတွေကို ပစ်ရတဲ့ Dragon Fortune ဟာလဲ ဆော့လို့ကောင်းတဲ့ ဂိမ်းတွေထဲမှာပါပါတယ်။ သူရဲ့ နဂါးဥလေးတွေ စုရတဲ့ ပုံစံတွေ ၊နဂါးအကောင်အကြီး တွေကို ပစ်ပြီး ပြန်ရမဲ့ အမှတ်တွေ ၊ ကိုယ်ပစ်လိုက်တဲ့ ကြိမ်ရေ တွေ အရ ပြန်ပေးတဲ့ ဆုလက်ဆောင်တွေ ကြောင့် Level တွေ တက်အောင် ဆော့ရင်း အမှတ်ရှိနေလို့ကတော့ ဂိမ်းအခန်းထဲကနေ မထွက်ချင်ပဲ Mission တွေ ၁ ခုပြီး ၁ ခု ပြီးအောင် လိုက်ဆော့နေရင်း အကြိုက်တွေ့စေရမယ်လို့ အာမခံပါတယ်။

Dinosaur Tycoon (JILI)

JILI ထဲကပဲ ထပ်ညွှန်းရမယ်ဆိုရင်တော့ ဒီ Dinosaur Tycoon ဂိမ်းကလဲ တကယ်ဆော့လို့ကောင်းတဲ့ ဂိမ်းအခန်းတခုဖြစ်ပြီး ဒိုင်နိုဆောခေတ်က အကောင်တွေကို အခြေခံပုံဖော်ထားတဲ့ ငါးပစ်ဂိမ်း ၁ ခုဖြစ်ပါတယ်။ ထုံးစံအတိုင်း Mission မိုက်မိုက်လေးတွေ ပါမယ် ၊ ထူးခြားတဲ့ ကျည်ဆံတွေ ပြောင်းလဲ အသုံးပြုပြီး ဆော့လို့ရတဲ့ အပြင် ၊ ဂိမ်းထဲမှာပါတဲ့ လျော်ဆ ကြမ်းကြမ်း နဲ့ ကြပန်းလျော်ပေးမဲ့ ဒိုင်နိုဆော အကောင်ကြီးတွေ ၊ ကမ္ဘာဦးခေတ်က ဆင်ကြီးတွေ တချက်ချက်ဆင်းလာတဲ့ အချိန်မှာ ဝိုင်းပစ်ပြီး အလျော်ရရင် မြိုးမြိုးမြတ်မြတ် အမြတ်ထွက်တာတွေက သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ အချက်တွေပဲ ဖြစ်လို့ မဆော့ဘူးသေးရင် စမ်းကြည့်သင့်တဲ့ ဂိမ်း ၁ ခု ပဲဖြစ်ပါတယ်။

Bao Chuan Fishing (FC)

ငါးပစ်ဂိမ်းစစ်စစ် ပုံစံနဲ့ FC ထဲမှာ ဆော့လို့ကောင်းတဲ့ ဂိမ်းအခန်း ၁ ခုကို ပြပါဆိုရင် Bao Chuan Fishing ဂိမ်းကိုလဲ ချန်ထားလို့မရပါဘူး ။ ရေထဲမှာရှိတဲ့ သတ္တဝါတွေ နဲ့ ပင်လယ်ဓားပြတွဲဆက်ထားတဲ့ပုံစံမျိုးနဲ့ ဆော့ရမှာဖြစ်ပြီး ဂိမ်းထဲမှာပါတဲ့ သံလိုက်အိမ်မြောင်တွေ ၊ Lucky Bottle နဲ့ ပင်လယ်ဓားပြ လှေတွေ လာတဲ့အချိန် ကိုယ်ပစ်လို့ နိုင်သွားရတဲ့ လက်ဆောင် အမှတ်တွေ ဟာ လျော်ဆများတဲ့အတွက် ကစားတဲ့သူတွေအတွက် သဘောကျစရာတခုဖြစ်ပါတယ်။ ဒါ့အပြင် အထူးပြု ကျည်ဆံတွေကို ပစ်ပြီးပေါက်သွားခဲ့ရင် အခမဲ့ ကျည်ဆံတွေပါထပ်ရတာဖြစ်တဲ့အတွက် ကစားတဲ့သူတွေ ကို စိတ်မပျက်စေရမဲ့ ဂိမ်းအခန်းလေးအဖြစ် ဆော့ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

Shade Dragon Fishing (JDB)

သက်တမ်းကြာမြင့်ပြီဖြစ်တဲ့ ဂိမ်း Platform တွေထဲမှာ JDB ဟာ အလျော်ကြမ်းတာမလို့ ငါးပစ်ဂိမ်းတွေထဲမှာ ဆရာ ၁ ဆူ အနေနဲ့ရှိနေပါတယ်။ JDB ဂိမ်းတွေထဲမှာမှ Shade Dragon Fishing (JDB) ဟာလဲ ငါးပစ်ဂိမ်းစစ်စစ် ပုံစံ နဲ့ဆော့ရမှာ ဖြစ်ပြီး နဂါးတွေ ငါးတွေ နဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ပစ်ချင်စရာအကောင်တွေချည်းပါပဲ ။ ဒီဂိမ်းရဲ့ ဆွဲဆောင်မှု ရှိတဲ့ ထူးခြားချက်အနေနဲ့ DRAGON BONUS ဆိုတဲ့ ဘောနပ် စနစ်ပါရှိပါတယ်။ နဂါးပတ်ထားတဲ့ ခရမ်း‌ရောင်ပုလဲလုံးလေးကို ပစ်ပြီးပေါက်ရင် ရွှေရောင်ကျောက်တုံးလေးတွေကို ရွေးရမှာဖြစ်ပြီး အဲ့ ကျော်တုံးတွေထဲမှာ အခြေခံ အမှတ် နဲ့ လျော်မဲ့ အဆ တွေကို ကိုယ်တိုင်ရွေးချယ်ပြီး အမှတ် နဲ့ လျော်ဆ မြှောက်ပြီး ပေးတဲ့ ပုံစံလေးက တခြားဂိမ်းတွေ နဲ့ မတူတဲ့အချက်ဖြစ်လို့ ဆော့ချင်စရာကောင်းတာတော့ အမှန်ပါပဲ။

Lucky Fishing (CQ9)

နောက်ဆုံး ၁ ခုအနေ နဲ့ မိတ်ဆက်ပေးချင်တဲ့ ငါးပစ်ဂိမ်းလေးကတော့ CQ9 ထဲက Lucky Fishing ဂိမ်းပဲ ဖြစ်ပါတယ်။ ဘာတွေထူးခြားလဲဆိုရင် ကျည်ဆံ အပိုင်းမှာ အဆင့်မြှင့်တင်ဖို့အတွက် ကျည်ဆံ မြန်နှုန်းမြင့်စေတဲ့ ကဒ် ၊ ငါးတွေသွားနဲ့ အရှိန်နှေးစေတဲ့ကဒ် နဲ့ ဘားတန်းပြည့်ရင် မျက်နှာပြင်တခုလုံး ပေါက်ကွဲစေတဲ့ စနစ်ကို မြန်မြန်ပြည့်စေတဲ့ ကဒ်ဆိုပြီး ၃ မျိုးပါဝင်ပါတယ်။ တခြား Kill All စာတန်းဘေးမှာပတ်နေတဲ့ ငါးတွေကို ပစ်ပြီး မျက်နှာပြင် အနှံ့က ငါးတွေအကုန်လုံးကို သေစေတဲ့ ပုံစံလေးကလဲ ဆွဲဆောင်မှုရှိတဲ့အပြင် အဆ 800 ထိ အမြင့်ဆုံး ရရှိနိုင်တဲ့ ငါးဂေါ်ဇီလာ အကောင်ကြီးကလဲ ဒီဂိမ်းရဲ့ အမှတ်သင်္ကေတ ၁ ခု ဖြစ်လို့ စိတ်ပါရင် အခုပဲ စမ်းဆော့ကြည့်စေချင်ပါတယ်။