Volatility (ဗော်လတီလတီ) ဆိုတာဟာ စလော့ဂိမ်း ကစားတဲ့သူတိုင်း မဖြစ်မနေသိထားသင့်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ Volatility သည် စလော့ဂိမ်း တစ်ခုရဲ့ အန္တာရယ်နဲ့ ဆုကြေးငွေများရဲ့ ပမာဏကို တိုင်းတာပေးတဲ့ အရာလို့လဲ လူသိများကြပါတယ်။ Volatility ရဲ့ အကြောင်းကို သိထားရင် စလော့ဂိမ်းတစ်ခုရဲ့ ဘယ်ကြိမ်ရေလောက်မှာ အနိုင်ရနိုင်မလဲဆိုတာနဲ့ အနိုင်ရမယ့် ဆုကြေးက ဘယ်လောက် ကြီးမားသလဲ ? ဘယ်လောက်သေးငယ်သလဲ ? ဆိုတာကို အကြမ်းဖျဉ်းအနေနဲ့ မကစားခင်ကတည်းက ကြိုတင် ခန့်မှန်းတွက်ချက်နိုင်မှာပဲဖြစ်ပါတယ်။
ကဲဒီတော့ Volatility က ဘယ်လောက်အရေးကြီးလဲဆိုတာ သိပြီဆိုရင် စလော့ဂိမ်းတစ်ခုကို ဘယ်လိုကြည့်ရမလဲ ဘယ်လိုရွေးချယ်ပြီး ကစားရမလဲဆိုတာကို playslotmm ကနေပြီးတော့ ဆက်ရှင်းပြပေးပါမယ်နော်။
စလော့ဂိမ်းအတွက် Volatility အမျိုးအစားများ
Volatility တွေရဲ့ အလုပ်လုပ်ပုံကို နားလည်ခြင်းအားဖြင့် မိမိရဲ့ ဘတ်ဂျက်အခြေနေနဲ့ ကိုက်ညီတဲ့စလော့ဂိမ်းများရှာဖွေကစားပြီး အနိုင်ရနိုင်ခြေကို တိုးမြှင့်နိုင်မှာပဲဖြစ်ပါတယ်။ အွန်လိုင်း စလော့ဂိမ်း တွေမှာ High Volatility နဲ့ Low Volatility ဆိုပြီး (၂)မျိုးရှိပါတယ်။
High Volatility ရှိတဲ့ စလော့ဂိမ်းတွေမှာတော့ ကြီးမားတဲ့ဆုကြေးတွေ ပေးတတ်သော်လည်း အနိုင်ရမှုများမှာ နည်းပါးလေ့ရှိတတ်ပါတယ်။ ဒီလို စလော့ဂိမ်းမျိုးကိုတော့ ငွေအင်အားလိုက်နိုင်ပြီး ဆုကြီးကြီး တွေ ပေါက်ချင်သူများအတွက် ပိုပြီးသင့်တော်တဲ့ အမျိုးအစားဖြစ်ပါတယ်။
Low Volatility ရှိတဲ့ စလော့ဂိမ်းတွေမှာတော့ ခဏခဏ အနိုင်ရတတ်တာမျိုး၊ ဆုသေးတွေ ခဏခဏ ပေါက်တာမျိုးတွေ ရှိပါတယ်။ ဆုသေးလေးတွေ ခဏခဏ ပေါက်တတ်တဲ့အတွက် မန်ဘာသစ် ကစားတဲ့သူများ ငွေအား နည်းနည်းလေးနဲ့ ကစားချင်သူများ အထူးရွေးချယ်သင့်တဲ့ အမျိုးအစားပဲဖြစ်ပါတယ်။
ဒီ Volatility အကြောင်းတွေကို နားလည်ထားခြင်းအားဖြင့် စလော့ဂိမ်းရဲ့ အန္တရယ် ကို ရှောင်ရှားနိုင်ပြီး မိမိဘတ်ဂျက်နဲ့ ကိုက်ညီတဲ့ ဂိမ်းတွေ ကစားပုံတွေကို ဗျူဟာကျကျ ကစားလာနိုင်မှာပဲဖြစ်ပါတယ်။
RTP နှင့် Volatility တို့က ဘာကွာလဲ???
စလော့ဂိမ်းတစ်ခုကို အနိုင်ကစားတော့မယ်ဆိုရင် Volatility အပြင် RTP လို့ခေါ်တဲ့ ပြန်ပေးနှုန်းကိုလဲ ကြည့်တတ်ဖို့လိုအပ်ပါသေးတယ်။ RTP ကတော့ ဂိမ်းတစ်ခုကနေ ဘယ်လောက် ပြန်ရနိုင်မလဲဆိုတာကို တိုင်းတာတဲ့နေရာမှာ ကြည့်ကြပါတယ်။ ယနေ့ခေတ် အွန်လိုင်းစလော့ဂိမ်း တွေမှာရဲ့ ပျှမ်းမျှ RTP ကတော့ 96% အထိ ရှိကြပါတယ်။
RTP နှင့် Volatility ကိုက တူသလိုလိုနဲ့ တကယ်တော့ တခြားစီပါ။ RTP ကတော့ ဂိမ်းကို ရှေရှည်ကစားမှုအနေနဲ့ ကြည့်ရှုရမှာဖြစ်ပြီး၊ Volatility ကတော့ ဂိမ်းတစ်ခုချင်းစီရဲ့ ဂိမ်းအတွင်းရလဒ်များကို သတ်မှတ်ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေလို့ပဲဖြစ်ပါတယ်။
RTP နှင့် Volatility တို့ကို ဘယ်လိုယှဉ်ပြီး ကြည့်ရမလဲ??
စလော့ဂိမ်း ကစားဖို့အတွက် အရေးကြီးတဲ့ နေရာကို ရောက်လာပါပြီ။ ကိုယ်က စလော့ဂိမ်းခန်းတစ်ခုကို ကစားတော့မယ်ဆိုရင် RTP တန်ဖိုးနဲ့ Volatilityတန်ဖိုးတွေကို သိထားတဲ့အခါ ဒီဂိမ်းကနေ ဘယ်လောက်ပြန်ရနိုင်တယ်ဆိုတာမျိုးကို မှန်းဆလို့ရပါတယ်။
ဥပမာအားဖြင့် စလော့ဂိမ်းတစ်ခုမှာ RTP 97% ရှိပြီး Volatility က Low Volatility (အနိမ့်) ဖြစ်နေမယ်ဆိုရင် အခြားစလော့ဂိမ်းတွေထက် ပိုပြီး ခဏခဏ အနိုင်ရနေတာမျိုးကို ကြုံတတ်ရပြီး ဆုသေးလေးတွေ ခဏခဏပေါက်တာမျိုးကိုလဲကြုံရတတ်ပါတယ်။ အဲ့လိုပဲ RTP ကမြင့်ပြီး Volatility ကလည်း Hight Volatility(အမြှင့်) ဖြစ်တဲ့ဂိမ်းခန်းတွေမှာတော့ အချိန်ကြာကြာဆော့နိုင်ရင် အမြတ်များများရနိုင်ပေမယ့် နိုင်တဲ့အကြိမ်ရေ ဆုပေါက်တဲ့အကြိမ်ရေကတော့ အနည်းငယ်အထိ လျော့ကျသွားနိုင်ပါတယ်။
Volatility နဲ့ RTP က သီအိုရီအရ တန်ဖိုးတွေဆိုတာကို သတိပြုထားပါ။ RTP ဘယ်လိုမြင့်မားသွားပေမယ့် အနိုင်ရခက်ခဲတဲ့ အချိန်တွေ၊ အရှုံးကြာရှည်တဲ့ အချိန်တွေကို ကြုံတွေ့နိုင်သေးတယ်ဆိုတာကို မမေ့ပါနဲ့။ဒါကြောင့် မိမိရဲ့ အသိသတိနဲ့ ကစားကြဖို့ အကြံပြုတိုက်တွန်းလိုပါတယ်။